ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၁

          ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဧပြီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့မီးရ ထားသည် မိမိတို့ ကချင်ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း နှစ်ပေါင်းများစွာ အကျိုးပြုတာဝန်ယူ ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး မီးရထားသွား/ လာမှုရပ်ဆိုင်းထားခဲ့ရသော်လည်း ရထားကိုအသုံးပြုသွားလာနေရသည့် ပြည်သူများအခက်အခဲဖြစ် ပေါ်လာသည့်အတွက် မီးရထားဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ တာဝန်ကျေပွန်အောင်ထမ်း ဆောင်သွားရမည်ဖြစ်ပေါကြောင်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုး ဆွေနှင့် အတွင်းရေးမှူးဦးခင်မောင်လေးတို့က မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ ဆူပူမငြိမ်မသက်မှုဖြစ်စဉ်များတွင် ဝန်ထမ်းများပါဝင်လှုပ်ရှားမှုဖြစ်စဉ်များမရှိ စေရေး၊ ပြည်နယ်အတွင်းဘူတာစဉ်အလိုက်ဝန်ထမ်းများ စိစစ်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြရာ အမှတ်(၁)မြန်မာ့မီးရထား(သွားလာရေး)တိုင်းမန်နေဂျာ ဦးကျော်မိုးနှင့် တာဝန်ရှိသူ များက မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ဘူတာစဉ်အလိုက် ကွင်းဆင်းစိစစ်ဆောင်ရွက်သွား မည့်အခြေအနေများ၊ ဝန်ထမ်းများ စည်းရုံးဆောင်ရွက်သွားမည့်အခြေအနေများကို တင်ပြခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအ တွက် တိုင်းမန်နေဂျာကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြန်လည်တင်ပြရေး၊ တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စာရင်းပြုစုတင်ပြရေး၊ လတ်လလောအခြေအနေအရ မိုးညှင်း-မြစ်ကြီးနား ခေါက်ပြန်ပြေးဆွဲနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်‌ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ပေးခဲ့သည်။