ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်ပေး

 ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၂

          ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ယနေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်သည့်  ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးနှင့် ပူးပေါင်းဖွင့် လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ယနေ့ ဖွင့်လှစ်သည့် သင်တန်းမှ တစ်ဆင့် ဝါသနာပါရာ အားကစားနည်း၏ အခြေခံများကို စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း သားများအနေဖြင့် အချိန်ကို လေးစားတတ်ခြင်း၊ စည်းကမ်းလိုက်နာတတ်ခြင်း၊ အမိန့်နာခံတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံကို ချစ်မြတ်နိုးတတ်သည့် မျိုးချစ် စိတ်ဓာတ်များ ပိုမိုရှင်သန်လာမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့်လည်း  အားကစားမှ တစ်ဆင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်၏ ဂုဏ်ကို အားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်သည့် အားကစား လူရည်ချွန်များ၊ ပြည်နယ်၏ အနာဂတ်တွင် ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် စွမ်းရည်ပြည့်ဝသော လူတော် လူမော်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ်၊ နွေ ရာသီအားကစားသင်တန်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် အားကစားပစ္စည်းမျိုးစုံတို့ကိုအား ကစားနည်းဆပ်ကော်မတီအဖွဲ့ဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

          ယင်းနောက်ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်က နွေရာသီအခြေခံအားကစားသင်တန်းတွင် ဖွင့်လှစ်ပို့ချသွား မည့် အစီအစဉ်များနှင့် အားကစားနည်း ၁၈ မျိုးအလိုက် သင်တန်းဖွင့်လှစ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားကစားနည်းအလိုက် ဆပ်ကော်မတီနည်းပြအုပ်ချုပ်သူ များ၏ လက်ဝှေ့၊ ဘောလီဘော၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဝူရှုး၊ မြန်မာ့ရိုးရာသိုင်း၊ အေရိုးဗစ်၊ မြန်မာ့ရိုးရာခြင်းလုံး ခတ်ကစားနည်းများဖြင့် သရုပ်ပြသကစားပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၈ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အဆိုပါ ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ပြည်နယ်ပြည်သူ့အားကစား ကွင်း၊ ငြိမ်းချမ်းသာယာအားကစားကွင်း၊ နောင်ရာဖူဆယ်ကွင်း၊ မိုးလုံလေလုံအားကစားခန်းမများနှင့် ချန်မူး မူးယစ်ကင်းစင်ကျောင်း၊ လယ်ကုန်းရပ်ကွက်တို့တွင် သတ်မှတ်အချိန်အလိုက် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဂျူဒို၊ တင်းနစ်၊ မြန်မာ့သိုင်း၊ ရေကူး၊ ဘောလီဘောအပါအဝင် အားကစားနည်း ၁၈ မျိုးတို့အား သင်တန်းသား ၅၀၀ ကျော်တို့အား သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။