ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများ ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများ ထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းခွင်နှင့် မိသားစုအခက်အခဲများကို ကြံ့ခိုင်စွာ ကျော်ဖြတ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူပါ ကြောင်း၊ ဒါ့ကြောင့် ယနေ့ထောက်ပံ့မှုသည် ပြည့်စုံခြင်းမရှိသော်လည်း ဝန်ထမ်းမိသားစုတစ်စုခြင်းစီ အတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်နှစ်သိမ့်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်း (၁၇၃)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၅) ပြည်၊ ဆီ (၁)ဘူး၊ ကုလားပဲ (၅၀)ကျပ်သားနှင့် ကြက်ဥအလုံး (၃၀)စီဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၆၇၅၀၀၀ ကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက သင်္ကြန်ဝတ်စုံများကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း (၂၅၂)ဦးတို့အတွက် တန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရုံးဝတ်စုံများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။