ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

 ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၃

          ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီး နား)သို့ သွားရောက်ပြီး ကချင်ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့်ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တိုင်းရင်းသားဘာသာ)အစီအစဉ်အတွက် မြစ်ကြီးနားသတင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ စက်ရုံ တာဝန်ခံ ဦးအောင်ကျော်ဇင်၏ ရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm-unity Centre)သို့ သွားရောက်ပြီး ဌာနလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊  Community Centre လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးစင်တာအတွင်း အားကစားလေ့ကျင့်ရေးပစ္စည်းများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် မြစ်ကြီးနားခရိုင်ရုံး၊ ဝိုင်းမော်မြို့နယ်ရုံး၊ တနိုင်းမြို့နယ်ရုံး၊ ချီဖွေမြို့နယ်ရုံး၊ ဆဒုံးမြို့ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဇုံနယ်မှူးနှင့် မိုးကောင်း၊ ဆဒုံး၊ ကန်ပိုက်တီတို့မှ စက်ရုံမှူးများ၊ ရုပ်ရှင်ဌာနခွဲနှင့် တိုင်းရင်းလူမျိုးများရုပ်သံလိုင်း မြစ်ကြီးနားသတင်းဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးရဲတင့်က ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ အခြေအနေမှန်ကို ရှင်းလင်းစွာသိရှိ နားလည်ပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရေး၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရခြင်းကို မိမိကိုယ်မိမိ ဂုဏ်ယူ/ ကျေနပ်စရာတစ်ခု အဖြစ်ခံယူပြီး ဝန်ထမ်း ဘဝကို ချစ်ခင်၊ မြတ်နိုးတတ်စေရေး၊ ပြန်/ဆက်ဝန်ထမ်းများအား ဖွဲ့စည်းပုံတိုးချဲ့ ပေးထားပြီးဖြစ် ၍ တိုးမြှင့်လာသည့် ရာထူးအဆင့်နှင့်အညီ တာဝန်ကျေပွန်အောင် ကြိုးစားလုပ်ကိုင်ကြရေး၊ လူငယ်လူရွယ်များအား အတွေးအခေါ် မှန်ကန်မှုရှိစေရေး၊ ပညာပြည့်ဝသည့် လူငယ်များဖြစ်စေ ရေး၊ အနာဂတ်ခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးအတွက် ပညာပေးရန် အသိပညာပေးရန် ဆိုသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဖြင့် လမ်းမှန်ရောက်အောင် ပြုစုပျိုးထောင်ပေးကြရေး၊ ဝန်ထမ်းများကိုယ်တိုင် စာပေကို ဖတ်ရှုလေ့လာပြီး အတွေးအခေါ်၊ အသိပညာဗဟုသုတတိုးပွား အောင်ကျင့်ကြံဆောင်ရွက်ကြရေး၊ မိမိတို့အလုပ်တွင် စိတ်ကောင်းစေတနာကောင်းများဖြင့် တာဝန်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်ရေး မှာကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူး၊ ထပ်ဆင့်လွှင့်စက်ရုံတာဝန်ခံများနှင့် ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ်  ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။