ဖားကန့်ဒေသ ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဦးစားပေးနေရာများသတ်မှတ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 ဖားကန့်ဒေသ ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဦးစားပေးနေရာများသတ်မှတ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မတ် ၁၇

ကမဘြာကှောကွှောကစွိမွးထှကရွှိရာ ကခငှပွှညနွယွ၊ ဖားကန့ဒွသအတှေငွး ဥရုခှောငွးရမှငေ့ွ တကမွှုကှောင့ွ နှဈစဉရွကှေီးရလှှေံမှုလှော့ပါးပပှောကစွရေေးအတှကွ ၂၀၂၀-၂၀၂၁ ခုနှဈ၊ ဖားကန့ွ၊ လုံးခငွးနရောမှားတှငွ ဥရုခှောငွးရှငွးလငွးရေးဆောငရွှကမွည့ွ အစီအမံမှားနှင့ွ ပတသွကပွှီး ပှညနွယွ စီမံအုပခွှုပရွေးကောငစွီဥကကြဋဌြက မတွ ၁၆ ရကွ မှနွးလှဲ ၁ နာရီတှငွ ပှညနွယစွီမံအုပခွှုပရွေးကောငစွီရုံး၊ အစညွးအဝေးခနွးမ၌ ဌာနဆိုငရွာမှား၊ ဒသခေံမှို့မိ/မှို့ဖမှားနှင့ွ တှေ့ဆုံဆှေးနှေးခဲ့သညွ။

ဥရုချောင်း ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ် သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဖားကန့်ဒေသသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံးကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ကြိုးစားလုပ်ဆောင်ရန်လိုအပ်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဥရု ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်မှ ကာကွယ်ရန် နှစ်စဉ်ချောင်းရှင်းလင်းရေးလုပ်ငန်း ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွက် ချောင်းရှင်းလင်းရေးလုပ်ငန်းကို မြေပြင်အ ခြေအနေပေါ်မူတည်ပြီး အဓိကရှင်းလင်းဆောင်ရွက်သွားရမည့်နေရာများကို ဦးစားပေးသတ်မှတ်၍ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များနှင့် မြို့မိ/ မြို့ဖများက ပေါင်းစပ်ညှိနှိုင်း၍ ပွင့်လင်း ရာသီအတွင်း ရှင်းလင်းဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ခိုင်စိုးက ဥရုချောင်း ရေစီးရေလာကောင်းမွန်းရေး ရှင်းလင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ် သက်၍ လုပ်ငန်းတာဝန်ခွဲဝေမှုနောက်ခံအကြောင်းအရာများ၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ရှင်းလင်းဆောင် ရွက်ရန်လျာထားသည့် ဧရိယာနှင့်နေရာများ၊ ပွင့်လင်းရာသီအတွင်း ‌ ဦးစားပေးနေရာ(၇)နေရာသတ်မှတ် ဆောင်ရွက်သွားမည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ တာဝန်ရှိသူများ နှင့် မြို့မိ/ မြို့ဖများက နှစ်အလိုက် ချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ရေကြီးရေလျှံမှုဖြစ်စဉ် များ၊ လုပ်ငန်းသုံးစက်ယန္တရားသုံးစွဲမှု၊ ဆယ်ယူရရှိသည့် နှုန်း၊ မြေစာများစနစ်တကျစွန့်ပစ်နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ယခုနှစ်ပွင့်လင်းရာသီအချိန်မီဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ဦးစားပေးသတ်မှတ်ထားသည့် လုံးခင်း၊ ဖားကန့်မှ သတ်မှတ်နေရာ (၇)နေရာတွင် လုပ်ငန်း‌ဆောင်ရွက်မှု တိုးမြင့်လုပ်ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။