မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းပြသထားသည့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်ကို စည်ကားခမ်းနားစွာ ဖွင့်လှစ်

 မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းပြသထားသည့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်ကို စည်ကားခမ်းနားစွာ ဖွင့်လှစ်

ပူတာအို         မေ ၁၇

          မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းပြသနိုင်‌ရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ရဝမ်ယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက် နံနက် ၉ နာရီတွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်၊ ရဝမ်အမျိုးသားဥယျာဉ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

           ရှေးဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်မုဒ်ဦးကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးရယ်ဒမ်းတန်နှင့် ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မုဒ်ဦးရှေ့၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ် တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က   ပြတိုက်၏ ကမ္ဗည်းမော်ကွန်းကျောက်စာ တိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဆုတောင်းပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်ကို မင်္ဂလာမောင်း (၉)ချက်တီး၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ပြတိုက်အတွင်းခင်းကျင်း ပြသထားသည့် ရှေးရဝမ်တိုင်းရင်းသားတို့၏ လူနေမှုအဆက်ဆက် အသုံးပြုခဲ့သည့် ကျောက်၊ သစ်သား၊ ဝါးတို့ဖြင့် ပြုလုပ်ထားသည့် အိမ်သုံးပစ္စည်းများ၊ ဂီတနှင့် တူရိယာပစ္စည်းများ၊ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်ပစ္စည်းများ၊ ရိုးရာဂျပ်ခုတ် ယက္ကန်းစင်၊ ရေခဲတောင်မှ ထွက်သည့် အဖိုးတန်ဆေးဝါးဖြစ်ပစ္စည်းများ စသည်တို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ မနောတိုင် ဝင်းအတွင်း ပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာအဇီးလမ်အကအား ဒေသခံ တိုင်းရင်းသားများနှင့်အတူ တစ်ပျော်တစ်ပါး အတူတကွ စုပေါင်းဆင်နွဲခဲ့ကြသည်။

          ထို့နောက် ဖုန်ကန်ရာဇီခန်းမ၌ ပြတိုက်ဖွင့်ပွဲအခမ်းအနားနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ရိုးရာပလိုင်းဖြင့် ဂါဝရ ပြုလက်ဆောင်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ရဝမ်တိုင်းရင်းသား ရှေးယခင်ဘိုးဘွားများ လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဓလေ့ထုံးတမ်းအစဉ် အလာများ၊ ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျွမ်းကျင်ခဲ့သည့် အတတ်ပညာများ ကို ယနေ့ ကျွန်တော်တို့ ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းခွင့်ရရှိခဲ့ခြင်းအတွက် ဝမ်းမြောက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ နောင်လာနောင်သားများကလည်း မွန်မြတ်သည့် အလုပ်တစ်ခု ဖြစ်သည့် အတွက် ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ပူတာအိုဒေသတွင် သဘာဝပတ်ဝန်းကျင်အလှအပများကို အခြေပြုပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသ၊ နောင်မွန်-ပန်နန်းဒင်ဒေသ၊ ဖုန်ကန် ရာဇီရေခဲတောင်ဒေသများနှင့် ပူတာအိုလွင်ပြင်ပတ်လမ်းများကို လမ်းပန်းဆက်သွယ် ရေးကောင်းမွန် လာစေရန် လမ်းများ ဖောက်လုပ်ပေးနေပါကြောင်း၊ အလားတူ ပူတာအိုဒေသတွင်း ဝမ်းစာဖူလုံရေး အတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်နှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီနောင်များအနေဖြင့် မိမိတို့ဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရေး ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်းပါဝင်စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ‌ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်ယဉ်ကျေးမှုပြတိုက်အဆောက်အဦအား မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံတိုင်းရင်းသားခေါင်းဆောင် များ၊ လူငယ်မောင်မယ်များနှင့်အတူ ရဝမ်ရိုးရာမနောတိုင်ကွင်းအတွင်း ပြတိုက်ဖွင့်ပွဲအခမ်းအနား ပိတ်သိမ်းသည့်အနေဖြင့် ရိုးရာအဇီးလမ်အကကို စုပေါင်းဆင်နွှဲခဲ့ကြသည်။

          အဆိုပါ ပူတာအိုမှို့ရှိ ရဝမယြဉကြွေးမှုပှတိုကမြူလအဆောကအြဦသညြ ဟောငြးနှမြးပကွစြီး နသညေ့အြတှကြ ပှတိုကအြတှငြးရှိ ယဉကြွေးမှုအမှအနှေဈမွား ထိခိုကပြကွစြီးသှားနိုငသြောကှောင့ြ မှနမြာနိုငငြံရဝမစြာပနှငေ့ယြဉကြွေးမှုအသငြး၏ အဆင့ဆြင့တြငပြှလာသဖှင့ြ (၁၀၀)ပေ၊ (၅၀)ပရှေိ Steel Structure အဆောကအြဦသဈ ဆောကလြုပနြိုငရြေး နိုငငြံတောအြဆင့မြှ ၂၀၁၉-၂၀၂၀ ဘဏျဍာ ရေးနှဈတှငြ ရနပြုံငှကပွြေ (၃၉၇.၂၄၇)သနြးခှင့ပြှုပေးခှငြးဖှဈပှီး ရဝမယြဉကြွေးမှုပှတြုကိအသဈ အတှငြး ရိုးရာပဈစညြးစုံလငြးခမြးနားစှာ ခငြးကငွြးပှသနိုငရြေးအတှကြ ကခငွပြှညနြယအြစိုးရအဖှဲ့က မတညရြနပြုံငှကပွြေ (၃၀)သနြး ထပမြံခှင့ပြှုပေးခဲ့ကှောငြး သိရှိရသညြ။

          အလားတူ ညနေပိုင်းတွင် Snow Land Hotel ၌ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ခြေတင်ဆက်မှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။