၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်းခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်းခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်း ခံမှုများအပေါ် ပြည်သူလူထုအတွက်တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ထို့သို့ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာသည့် ငွေလုံးငွေရင်းအသုံးစရိတ်များကို စိစစ်ရေးဆွဲတင်ပြရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ၊ ဒေသ လိုအပ်ချက်များကို လတ်တလော ဖြည့်ဆည်းပေးရမည့် လုပ်ငန်းစီမံကိန်းများဖြစ်စေရေးနှင့် အမှန် တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မဖြစ်မနေလိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များ အတိုင်း စိစစ်ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတွင် ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားသော လုပ်ငန်း စီမံကိန်းများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနက ပြည်နယ်ဦးစီးမှူးက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် များနှင့် ညီညွတ်မှုရှိစေရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်ဟန်အေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်းခံမှုများအပေါ် စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်တို့မှ ဆွေးနွေးမှုများအပေါ် ပြန်လည်စိစစ်ရေးဆွဲတင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ က ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံသည့် ငွေလုံးငွေရင်းအသုံးစရိတ် တင်ပြတောင်းခံထား သည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရမည့် လုပ်ငန်းစီမံကိန်းတစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းတစ်ခုချင်းစီအလိုက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပြန်လည်စိစစ်ရေးဆွဲတင်ပြနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။