ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြစ်ကြီးနား     အောက်တိုဘာ ၁၄

          ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ကျင်းပပြု လုပ်ခဲ့ကြရာ အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

           ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အမျိုးသမီးအား ကစားဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အားပေး ကြည့်ရှုခဲ့ကြရာ ပူတာအိုခရိုင်အသင်းက မြစ်ကြီးနားခရိုင်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီခဲ့ကြသော ဒိုင်လူကြီးများ၊ ပြည်နယ်ကျန်းမာရေး နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုများ၊ နေရာအလိုက်အလိုက် အကောင်းဆုံးကစား သမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်ဝန်ကြီးများ က ဒုတိယဆုရ မြစ်ကြီးနားခရိုင်အသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ငွေသားနှင့် ဆုဖလား တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ပထမဆုရ ပူတာအိုခရိုင်အသင်းအတွက် တစ်ဦး ချင်းလည်ဆွဲဆုတံဆိပ်၊ ငွေသားနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။