ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ဝယ်ယူသော ရုံးသုံးစက်ကိရိယာပစ္စည်းများအား ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အတွက် ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ဝယ်ယူသော ရုံးသုံးစက်ကိရိယာပစ္စည်းများအား ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အတွက် ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၂၀

          ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊မတ်လအထိ ပြည်နယ်ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့်ဝယ်ယူခဲ့သော ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၀ ရက် နံနက် (၁၀)နာရီက ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံး မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများအတွက် ရုံးလုပ်ငန်းဆိုင်ရာများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ အခမ်းအနားများအသုံးပြုရန်နှင့် အားကစားကွင်းများ မြေညှိပြုပြင်နိုင်ရေး စက်ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် တာဝန်ခံအရာထမ်းများ အနေဖြင့် ပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ တန်ဖိုးရှိရှိ အသုံးချရန်နှင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ရုံးသုံးပစ္စည်းများနှင့် စက်ကိရိယာများ ထုတ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးက ပြည်နယ်ရုံးအပါအဝင် ခရိုင် (၄)ရုံး၊ မြို့နယ်ရုံး (၃)ရုံးတို့အတွက်      ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူခဲ့သော ရုံးလုပ်ငန်းသုံး ကွန်ပျူတာများနှင့် ပရင် တာများ၊ ပရိုဂျက်တာများ၊ အသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းများ၊ မြက်ဖြတ်စက်များ၊ Roller များ၊ အဲယားကွန်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။