ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့ဧရာရပ်ကွက်၌ ကြိုတင်ဆန္ဒမဲပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့ဧရာရပ်ကွက်၌ ကြိုတင်ဆန္ဒမဲပေး

မြစ်ကြီးနား နိုဝင်ဘာ ၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူတို့သည် ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။