ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား      ဖေဖော်ဝါရီ ၁၇

            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

            အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ပြိုင်ပွဲဝင် အသင်းပေါင်း ၇ သင်းဖြင့် စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတ ရေးရာဝန်ကြီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ သယံဇာတရေးရာဝန်ကြီးဌာနဘောလုံးအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။

            ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အကောင်းဆုံးကစားသမားဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဒိုင်လူကြီးများ အား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်ဘောလုံးအသင်းများနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးနှင့် အကောင်း ဆုံး ကစားသမားဆုများ၊ တတိယ၊ ဒုတိယဆုရအသင်းများအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုငွေနှင့် တံခွန်စိုက်ဆုများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရ သယံဇာရေးရာဝန်ကြီး ဌာနဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုငွေနှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိစေရေး၊ ပြည်နယ်၏ အကျိုးစီးပွားကို လက်တွဲညီညီ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရေး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု နှင့်လုပ်ငန်းခွင်တွင်  ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုများကို လျော့နည်းပပျောက်စေပြီး စိတ်ပျော်ရွှင် ချမ်းမြေ့စေလာစေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။