ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ချီဖွေမြို့နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ချီဖွေမြို့နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ တစ်ဆင့် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအများပိုင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KEP ကုမ္ပဏီဝင်းအတွင်း မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်‌ရေးအတွက် မော်တော်ယာဉ်များအပါအဝင် တရုတ်ပြည်သို့ တင်ပို့မည့် ကုန်စည် များအား သိုလှောင်ရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ချီဖွေမြို့သို့ သွားရောက်ခဲ့ကြပြီး ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရ ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီပြည်ထောင် စုဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ များအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။

          ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်၏ ဒေသ ဆိုင်ရာအချက်အလက်များနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အားကစားကွင်းခြံစည်းရိုးနှင့် ပွဲကြည့်စင် တည်ဆောက်ပေးနိုင် ရေး၊ ချီဖွေ-ဆော့လော်သွားလမ်း ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ ချီဖွေမြို့ပေါ် (၄)ရပ်ကွက်ရှိ ပြည်သူများနှင့် ဌာနဆိုင်ရာများအတွက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြို့နယ် ဧည့်ရိပ်သာတည်ဆောက်နိုင်ရေးတို့ကို ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် ထောက်ပံ့ ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချီဖွေမြို့ ရစ်‌လော်ခေါင်ရပ်ကွက် လော်ဝေါ် နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ မြို့နယ်အတွင်းရှိ IDPs စခန်းများမှ အိမ်ထောင်စု များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နေရပ်နှင့်အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလေးထားကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြော ကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က နေရပ် စွန့်ခွာစခန်း (၁နှင့်၂)တို့ရှိ အိမ်‌ထောင်စုများအတွက် ထောက်ပံ့ငွေကျပ်  ၅ သိန်းနှင့် ‌ခေါင်ဆွဲခြောက် ဖာ ၁၀၀၊ ပဲဆီ (၃၅)ပိဿာ၊ ကုလားပဲ (၁၀)အိတ်၊ အသင့်စားမုန့်ခြောက်များနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံနေရပ်စွန့်ခွာပြည်သူများ က ရိုးရာခေါင်းပေါင်းကို ဂါဝရပြုပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပန်ဝါမြို့သို့ ထွက်ခွာခဲ့ကြပြီး ချီဖွေ-လုပီ-ပန်ဝါလမ်းပိုင်း (၄၀/၂)မိုင်အတွင်း လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ၆ ကီလိုမီတာနှင့် ၉ ကီလိုမီတာအကြား ရှိ အရှည် ၃ ကီလိုမီတာ လမ်းပိုင်း ကွန်ကရစ်လမ်းခင်းနိုင်ရေး တောင်ဖြိုလမ်းချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ပန်ဝါမြို့သို့ရောက်ရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဌာနဆိုင်ရာများက ကြိုဆိုနှုတ်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံပြီး ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့သည်။

          ယင်းနောက် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီတွင် ပန်ဝါမြို့အား နယ်စပ်ကုန်သွယ်ရေး မြို့တော်နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေခဲတောင်ခရီးစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပန်ဝါဒေသ၌ အမြင့်ပေ ၁၀၀၀၀ အထက်ရှိ မောင်နှမ တောင်ပေါ် ရေခဲချောင်းသို့ တက်‌ရောက်၍ ဆီးနှင်းများဖြင့် ရေခဲပြင်ဖြစ်တည်နေမှုကို ကြည့်ရှု လေ့လာပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသခေါင်းဆောင်များ၊ မြို့စီမံ အုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌတို့နှင့် ဆွေးနွေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပန်ဝါမြို့ဗဟိုကုန်သွယ်ရေးဌာန အစည်းအဝေးခန်းမ၌ ပန်ဝါအထူးဒေသ ခေါင်းဆောင်များ၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်း‌ဆောင်များနှင့် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ ပုံမှန်အတိုင်း‌ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ လမ်းနှင့် တံတားများ တည်ဆောက်ပေးရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်းများစသည့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာ စေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းလိုအပ်ချက်များနှင့် ပတ်သက် ၍ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

          ဆကလြကြ၍ ပှညနြယဝြနကြှီးခွုပြ၊ ပှညနြယဝြနကြှီးနှင့ြ ပှညနြယြဥပဒခွေုပတြို့က မှို့နယြ ဌာနဆိုငရြာမွား၊ လူမှုရေးအးသငြးအဖှဲ့မွား၊ စဈဗွူဟာမှူးနှင့ြ လုံခှုံရေးတပဖြှဲ့ဝငမြွားအတှကြ ထောကပြံ့ငှကပွြေ  ၂၇ သိနြး  ၊ ပနဝြါပှညသြူ့ဆေးရုံဝနထြမြးမွားအတှကြ ထောကပြံ့ငှကပွြေ  ၃ သိနြး နှင့အြမှတတြရလကဆြောငမြွားကို ထောကပြံ့ပေးအပခြဲ့သညြ။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်ဝါဒေသရှိ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆေးဝါးများ စုဆောင်းထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။