ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး(ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

မြစ်ကြီးနား     ဇွန်    ၂၄

          ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း  ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်နေ့မှစတင်၍ (၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော် မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထူးအဖွဲ့မှ ဝန်ထမ်းများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး သင်တန်းမှ သင်ယူထားရှိသည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးကို အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် ဥပဒေ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီး/ တားဆီးမှုများကို အရှိန်အဟုန်မြှင့် စွမ်းစွမ်း တမံ ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ သင်တန်းသား (၃၈)ဦး တို့အတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ ပြည်နယ်ဗဟိုကော်မတီနာယက ပြည်နယ် ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအား လည်းကောင်း၊ အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း က အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများအား လည်း ကောင်း၊ အဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ က သစ်တောဦးစီးဌာန၊ ဝန်ထမ်းများ အတွက် လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။