(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အနှစ်သာရပြည့်ဝပြီး ထူးခြားကောင်းမွန်စွာ ကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အနှစ်သာရပြည့်ဝပြီး ထူးခြားကောင်းမွန်စွာ ကျင်းပ    ပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား     ဇွန် ၂၄

          (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ကချင်ပြည်နယ်နေ့သည် ယခင်နှစ်များနှင့် မတူဘဲ (၇၅)နှစ်မြောက် စိန်ရတုနှစ်ဖြစ်သည့်အတွက် အနှစ်သာရပြည့်ဝပြီး ထူးခြား ကောင်းမွန်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များအနေဖြင့် ယခင်နှစ်များ၏ အားနည်းချက်/ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ယခင်နှစ်အားနည်းချက်/အားသာချက်များအပေါ် သုံးသပ်ဆင်ခြင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကော်မတီအဖွဲ့ဝင်များ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ် များ၊ မနောအကနှင့် ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး၊ အထိမ်းအမှတ် မဂ္ဂဇင်း၊ ပြက္ခဒိန် နှင့်မှတ်စုစာအုပ် ထုတ်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါ ခန်းမ၌ ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏(၃/၂၀၂၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များနှင့်ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ခရီးသွားရာသီချိန်တွင် ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ အဆင်သင့်ဖြစ်စေပြီး အကောင်းဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးခိုင်ဦးက ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မတီသို့တင်ပြလျှောက်ထားလာ သော ဟိုတယ်/တည်းခိုရိပ်သာ၊ ခရီးလှည့်လည်သွားလာရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးလျှောက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့် ကိစ္စရပ်များ၊ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ဆောင်ရွက်ပေးရန်ကိစ္စရပ် များ၊ ပူတာအိုခရိုင်၊ ရေခဲတောင်ခရီးစဉ်၊ မြစ်ဆုံခရီးစဉ် စသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို သုံးသပ်ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏  (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ပြည်နယ်ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ခွင့်ပြုဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များတွင် အသုံးပြုနိုင်ရေး လှူဒါန်းပေးပို့လာသည့် အရေးပေါ်လူနာတင်ယာဉ် (Ambulance) ၁ စီး၊ ကာကွယ်ဆေးအပါအဝင် ဆေးပစ္စည်းများ ရွေ့ပြောင်းသယ်ယူနိုင်သည့် အအေးခန်းထရပ်ကား (Refrigerated-Truck) ၄ စီး၊ ရောဂါစစ်ဆေးရှာဖွေရေးယာဉ်(Inspection Vehicle) ၄  စီး စုစုပေါင်း မော်တော်ယာဉ် (၉)စီး ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒချုပ်၊ ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် မလိခခန်းမ၌ တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ဒါခေါ်ယူဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ်  တင်ဒါစိစစ်ရာတွင် တွေ့ကြုံရသည့်ကိစ္စရပ်များ၊ ဒေသခံကုမ္ပဏီများ အလုပ်အကိုင်ရရှိရေး၊ ဥပဒေဆိုင်ရာအကြံပြုချက် များ၊ လိုအပ်ချက်အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်သုံးသပ်ရှင်းလင်း ဆွေးနွေးကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။