ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၂

          ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် လာမည့် ပွင့်လင်းရာသီတွင် အမြန်ဆုံးနေရာချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန် သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြသော်လည်း လာမည့် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး၊ ပုံမှန်ရပ်တည် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နေရာဒေသအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆပ်ကော်မတီအလိုက်၊ ဘာသာ ရေးအသင်းအဖွဲ့အသီးသီးအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းများဖြစ်သည့်အတွက် နည်းလမ်းများရှာဖွေပြီး အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ပြန် လည်နေရာချထားရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက် သွားရ မည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် နေရပ်စွန့်ခွာ ယာယီ ခိုလှုံရာစခန်းအရေအတွက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ နေရပ်ကျေးရွာများနှင့် ပြန်လည် ထူထောင်ရေးစခန်းများတွင် နေရာချထား‌ပေးသွားမည့် အစီအစဉ်များ၊ နေအိမ်များ အသစ်တည် ဆောက်/ ပြုပြင်နိုင်ရေး ဘာသာရေး အသင်းအဖွဲ့များ၊ NGO ၊ INGO အဖွဲ့အစည်းများဖြင့် ပေါင်းစပ် ဆောင်ရွက်ထားရှိသည့်အစီအမံများနှင့် ရန်ပုံငွေလိုအပ်ချက်၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် အခက် အခဲများကို အသီးသီးတင်ပြကြခဲ့သည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံး ပြန်လည်နေရာချထား‌ပေး ရေးအတွက် နေရပ်စွန့်ခွာသူများ ဘဝရပ်တည်နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက် များကို ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်နိုင်ရေး စသည့်လိုအပ်ချက်များကို ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်(၁၁)နာရီက အဆိုပါ ခန်းမ၌ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး မြစ်ကြီးနားခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်းအခမ်းအနားသို့တက်ရောက်ခဲ့သည်။

 ပြည်နယ်အတွင်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှု ပိုမိုအားကောင်းလာစေရေးအတွက် ညှိနှိုင်းဖျန်ဖြေရေး၊ ဖြေလျော့ပေးရေးနှင့် စည်းရုံးရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်စေခဲ့ရာ တိုးတက်အောင်မြင် မှုများရရှိခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင် အဆင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယနေ့ မြစ်ကြီးနားခရိုင်အဖွဲ့ကို စနစ်တကျရွေးချယ် ဖွဲ့စည်းသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က မြစ်ကြီးနားခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက် ရောက်လာသူများနှင့်အတူ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များကို ရွေးချယ်အတည်ပြုခဲ့ကြကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးခဲ့မှုများ၊ ပန်းခင်းစီမံချက်၊ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဖွဲ့အစည်း အသီးသီးတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြရာ လိုအပ် သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။