မြစ်ကြီးနား ဇူလိုင် ၁၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် စနစ်တကျ ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးနှင့်သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေးနှင့် စိုက်သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်ညှိနှိုင်းအစည်းအဝေးတွင် ပြည်ယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် ခရိုင်/ မြို့နယ်များအလိုက် စနစ်တကျစီမံဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး၍ သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေး၊ စိုက်သမျှသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးကို မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် အလေးထားဆောင်ရွက်နိုင်ရေးနှင့်တောင်သူများ လိုအပ်ချက်ကိုလည်း အချိန်နှင့်တစ်ပြေးညီဖြည့်စည်းပေးနိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေက ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မိုးစပါးအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ တိုးချဲ့ရန်လျာထား ဆောင်ရွက်ထားရှိမှု၊ မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး၊ သမဝါယမအသင်းစုလုပ်ငန်းများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် မြို့နယ်များအလိုက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်း၍ တောင်သူများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံကာ လိုအပ်သည်များ စာရင်းပြုစုတင်ပြနိုင်ရေးနှင့် ကဏ္ဍအလိုက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေး၊ သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးအစည်းအဝေးသို့တက်ရောက်