ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိမ်းရှောင်ပြည်သူများအား ဆန်နှင့်ဆီများထောက်ပံ့၊ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆) ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၇

ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ သဲဆာဒီးနယ်မြေအတွင်း အေဂျီဘိုးဘွားရိပ်သာယာယီတိမ်းရှောင်စခန်းရှိ စခန်းနေ အိမ်ထောင်စုများနှင့်သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဆိုပါစခန်းတွင် ဝိုင်းမော်မြို့နယ်၊ ဝူယန်၊ မဒိန်၊ စန်းကား၊ ဆဒုံးကျေးရွာများမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်‌ထောင်စု (၁၂၅)စုတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၂၁၂၅၀၀ တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် ၁၂၅ အိတ်နှင့် ဆီပိဿာ ၁၂၅ ပိသာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံကကျေးဇူးတင် စကားနှင့်လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
       ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်သို့သွားရောက်ပြီး တက္ကသိုလ်၌ကျင်းပမည့် မြစ်ကြီးနား နိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆) အား အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် သုတေသနဌာနအဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သန့်ရှင်းသပ်ယပ်မှုရှိစေရေးနှင့် လိုအပ်သည့် ပြင်ဆင်မှုများကို အမြန်ဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနားတက္ကသိုလ်တို့အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။