ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ စခန်း (၇) ခုမှ ယာယီတိမ်းရှောင်ပြည်သူများကို ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၂၆
          ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းနားကျေးရွာအုပ်စု၊ လဝမ်(LBC) နှစ်ခြင်းအသင်းတော်ပိုင် သြော်က်ဟိဒ်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဗန်း‌မော်၊ ချီဖွေမြို့နယ်များမှ အဆိုပါကျေးရွာအုပ်စုအတွင်းရှိ မိုင်းနား၊ ဂွေထု၊ မခေါ ယန်စသည့် ကျေးရွာများတွင် စခန်းများဖွင့်လှစ်၍ နေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ယာယီတိမ်းရှောင် စခန်း (၇) ခုမှ အိမ်ထောင်စု (၃၂၃) စု၊ လူဦးရေ (၁၆၂၅) ဦးတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၂၄)ပြည်ပါအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၃၂၃)အိတ်ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းတာဝန်ရှိသူများက စခန်းအလိုက်အိမ်ထောင်စုများ၏လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။