ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ အသင်းဝင်များ၏ တက္ကသိုလ်ဝင်တန်းအောင် သား/သမီးများအား (၁၅)ကြိမ်မြောက် ပညာသင်စရိတ်နှင့် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၂၆
          ကချင်ပြည်နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူး၍ (၁၅) ကြိမ်မြောက်အဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော အသင်းဝင်များ၏ သား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါအသင်းရုံး၌ကျင်းပရာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားပေးအမှာစကားပြောကြားပြီး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ ကချင်ပြည်နယ်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ ဦးမျိုးဇေယျာမင်းက အသင်း၏ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် (၁၅) ကြိမ်မြောက်အဖြစ် အသင်းဝင်များ၏ သား/ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ ခြင်းတို့ကို ရှင်းလင်းတင်ပြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ အသင်းတာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းအောင် သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပညာသင်စရိတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြရာ လေးဘာသာဂုဏ်ယူရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီသူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။