မြစ်ကြီးနား ဇူလိုင် ၂၈
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၇-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် (ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး) ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ယာယီတိမ်းရှောင်ပြည်သူများအား နေရာချထားပေးခဲ့သော ဝိုင်းမော်ဇုံနယ်လီဆူနှစ်ခြင်းအသင်းတော်များအဖွဲ့ ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး အဆိုပါစခန်းအတွင်းရှိ စိန်ရတုမိဘမဲ့ဂေဟာနှင့် Blessing Camp တို့မှ အိမ်ထောင်စု စုစုပေါင်း (၁၆၈) စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၆၈) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။