ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းမြို့၌ အာယုဒိဃလူမှုကူညီ‌‌ရေးအသင်းရုံးဖွင့်ပွဲသို့တက်ရောက်

တနိုင်း  သြဂုတ် ၆
          ကချင်ပြည်နယ်၊ တနိုင်းခရိုင်(ဟူးကောင်းဒေသ) စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တနိုင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၅ ရက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် အာယုဒိဃလူမှုကူညီရေးအသင်းရုံးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တနိုင်းချောင်းတစ်ဖက်ကမ်းရှိ ဆင်(မ်)ဆာ့ရပ်ကွက်အတွင်းရှိ ဇေယျာသီရိပရိယတ္တိ စာသင်တိုက်အတွင်း တနိုင်းမြို့၏ အာယုဒိဃလူမှုကူညီရေးအသင်းရုံးသစ် ဖွင့်ပွဲသို့တက်ရောက်ပြီး ရုံးသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ အသင်းအတွက် ချီးမြှင့်ငွေများနှင့် ရုံးသစ်ဖွင့်ပွဲပါဝင်ကူညီပေးကြသူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရုံးသစ်အဆောက်အအုံနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စုဆောင်းထားရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများအားလည်းကောင်း၊ အသင်းအသုံးပြုနိုင်ရေး အလှူရှင်များမှ လှူဒါန်းထားသော အသင်းပိုင်အရေးပေါ်ကားများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။