ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းမြို့၌ နွားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

တနိုင်း သြဂုတ် ၆
          ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့အထွက် (၅)မိုင် အောင်စိုးမိုးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စတုတ္ထနှစ်စက်ဝန်းမှ ငွေကျပ်သိန်း ၃၀၀ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးမြှင့်လည်ပတ်နိုင်ခဲ့သော ပိုင်ရှင်ဒေါ်နွယ်နွယ်အောင်၏ နွားမွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ခြံဝင်းအတွင်း နွားမွေးမြူ‌ရေးအပြင် တိုင်းရင်းကြက်များ ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု၊ ငန်းဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပိုင်ရှင် ထံ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နည်းစနစ်တကျ မွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန်ကူးစက် ရောဂါများမဖြစ်ပွားစေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။