ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ကုန်သွယ်မှုလုပ်ငန်း များအား ကြည့်ရှုစစ်ဆေး၊ ကုန်စစ်ဆေးရေးစခန်းအနေဖြင့် ၂၀၂၆ ခုနှစ် ဧပြီလမှ အောက်တိုဘာ ၂၁ ရက်နေ့ အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဒဿမ ၀၁၅ သန်း တန်ဖိုး ကုန်သွယ်နိုင်

မြစ်ကြီးနား     အောက်တိုဘာ ၂၄
          ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများအား ဝိုင်းမော်မြို့နယ် မိုင်းနား ကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ သွင်းကုန်/ ပို့ကုန် ယာဉ်အစီးရေ ၃၇၀၇ စီး၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဒဿမ ၀၁၅ သန်း တန်ဖိုးထိ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
          အဆိုပါ ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အဆိုပါ စခန်း၌ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာများ၊ ကံပိုင်တည် ကုန်သည်ကြီးများအသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဝိုင်းမော်မြို့နယ် မော်တော် ယာဉ် အသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာဌာနက ရှင်းလင်းတင်ပြခြင်း ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကထက် ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာ ၂၁ ရက်နေ့အထိ ကုန်သွယ်မှုသည် ပို့ကုန် ၄ ဒဿမ ၄၄၅ ၊ သွင်းကုန် ၅ ဒဿမ ၆၀၃ ထိ တိုးတက်လာပြီး ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ  ၁၀ ဒဿမ ၀၄၈ သန်းအထိ ပိုမိုတိုးတက်ဆောင်ရွက်နိုင်သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုကိုခံယူ၍ ယခုလို ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်ကာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ တော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများရရှိရေး၊ ဒေသတွင်း လူသုံးကုန်၊ စားသောက် ကုန်နှင့် တိရစ္ဆာန်အစာ စသည့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စည်းကမ်းနှင့်အညီ ဆောင် ရွက်ကြရန်၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီး ကုန်စစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကုန်စစ်ဆေးရေးစခန်းအတွင်း၌ ရာဘာပို့ကုန်များ အား ကုန်စစ်ရေးစခန်းတာဝန်ခံနှင့် သက်ဆိုင်ရာဌာနများ၏ စစ်ဆေးဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ ကုန်တင်ယာဉ်ရပ်နားကွင်းအတွင်း ကုန်တင်ယာဉ်များ စနစ်တကျ ရပ်နားစေပြီး စစ်ဆေး ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးကြပြီး ကုန်စည်များ လျင်မြန်စွာ စစ်ဆေးနိုင်ရေးအတွက် လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ကြရေး၊ ကုန်စစ်ဆေးရေးလုပ်ငန်းများကိုလည်း နေ့စဉ် မနက်၊ ည အချိန် တိုးမြှင့်သတ်မှတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် တည်ဆောက်ပေး ထားသည့် နားနေဆောင်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက် သွားလာမှု လွယ်ကူစေရေးနှင့် စနစ်တကျ ရှိစေ‌ရေးအတွက် စခန်းအဝင်/အထွက် ပတ်လမ်းများ အား သဲကျောက်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊နားနေဆောင်တစ်ဆောင်အပါအဝင် ရေတွင်း၊ ရေစင်၊ ရေချိုးရန်နေရာ၊ အမှိုက်ကန်များ၊ ‌အိမ်သာများ တည်ဆောက်ပြီးစီးမှု အခြေအနေများ တင်ပြချက်အ‌ပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ကုန်စည်ပို့ဆောင်နေသော မော်တော်ယာဉ်ကြီးများအား စခန်းမှတစ်ဆင့် ဝါရှောင်ကျေးရွာလမ်းခွဲနေရာအထိ သွားလာနိုင်ရေး ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်သွား မည့် လမ်းအခြေအနေများနှင့် အဆိုပါ စခန်းအနီးရှိ ယာယီတိမ်းရှောင်မိသားစုများအား နေရာ ချထားပေးသည့် ဆွတ်ကြိုင်ကျေးရွာပိုင် ပျံကျဈေးတည်ဆောက်သွားမည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။