မြစ်ကြီးနား ဧပြီ ၁၆
ကချင်ပြည်နယ်အတွင်း ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သဖြင့် အဆိုပါလျှပ်စစ်ဓာတ်အားပြတ် တောက်ချိန်ကာလအတွင်း မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်တို့အတွင်းရှိ ပြည်သူများ အခက်အခဲဖြစ်ပေါ် မှုလျော့နည်းစေရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံအား လာမည့် ဧပြီ ၁၈ ရက်နေ့မှ စ၍ ရက်သတ္တပတ် (၂)ပတ်ကြာခန့် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် အဆိုပါကာလအတွင်း မြစ်ကြီးနား၊ မိုးညှင်း ခရိုင်တို့အတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သော ကြောင့် မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ် အားပြတ်တောက်ချိန်တွင် ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု အလျော့နည်းနိုင်ဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးကြမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆေးရုံ၊ ဘဏ် စသည့်အရေးကြီးသည့် နေရာ များ၊ မြို့ရေပေးဝေရေးဆောင်ရွက်သည့် လုပ်ငန်းများ၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ MSME လုပ်ငန်းများ အပါအဝင် ပြည်သူများ ဖုန်းအားသွင်းခြင်း ဝန်ဆောင်မှုများကိုလည်း အခက်အခဲမဖြစ် ပေါ်စေရေး အလေးထားစီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်က လျှပ်စစ်ဓာတ်အားပြတ်တောက် ချိန်အတွင်း ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်းနိုင်သော လျှပ်စစ်ဆိုင်ရာ ပစ္စည်းများနှင့် ဖုန်းများ အားသွင်းနိုင်ရေး စသည့် အခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး လျှပ်စစ် မီးပေးဆောင်ရွက်သွားမည့် အစီအစဉ်များ ပါဝင်သည့် စီမံချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က စီမံချက်ပါ အစီအမံများ နှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဆက်စပ်ကုမ္ပဏီများက လျှပ်စစ် မီးရရှိရေး၊ မီးစက်များအတွက် စက်သုံးဆီလုံ လောက်စွာရရှိရေး၊ မြို့ရေပေးဝေရေးဆိုင်ရာကိစ္စရပ် များ၊ ရေရှိရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ရေသန့်စက်များပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် ပြည်နယ်လျှပ်စစ်နှင့်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့်ဆက်စပ်ကုမ္ပဏီများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ စက်သုံးဆီ အတွက် ပြည်နယ်အစိုးရအဖွဲ့ အရန်ဆီများ စနစ်တကျ ခွဲဝေ၍ ဖုန်းနှင့် လျှပ်စစ်ဓာတ်အား ပြန်လည် ဖြည့်သွင်းအသုံးပြုနိုင်သော လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည့် အစီ အစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မ တီများ ဖွဲ့စည်းနိုင်ရေး၊ ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်၍ ကွပ်ကဲသွားမည့် အစီအစဉ်များနှင့် လိုအပ်သည်များအား ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းပေးသွားမည့်အစီအစဥ်များကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီသိရှိရေး ရပ်ကွက်အလိုက် လှည့်လည်ပြန်ကြားပေးနိုင်ရေး စသည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။