ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အူဗျစ်ကျေးရွာ၌ ရပ်/ရွာအခြေပြုကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အရေးပေါ် အသုံးပြုနိုင်ရေး Oxygen Concentrator စက်များပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အူဗျစ်ကျေးရွာ၌ ရပ်/ရွာအခြေပြုကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အရေးပေါ် အသုံးပြုနိုင်ရေး Oxygen Concentrator စက်များပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများပြားလာ သည်နှင့်အမျှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရေးအ တွက် ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင် များတွင် အရေးပေါ်အသုံးပြုရန်အတွက် Oxygen Concentrator ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အာလမ်ကျေးရွာအုပ်စု၊အူဗျစ် ကျေးရွာနှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းအတွင်း၌ ကျေးရွာတာဝန်ခံများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ ဆုံပြီး ကျေးရွာအတွင်း ကိုဗစ်-၁၉ ‌ရောဂါပိုးတွေ့လူနာတွေ့ရှိမှုအခြေအနေများနှင့် ရောဂါပိုးထိန်း ချုပ်နိုင်ရေးအတွက် ရပ်/ ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးနိုင်ရေး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျေးရွာအ တွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာမိသားစုများအတွက် ဆန်(၈)ပြည်အိတ် ၃၀ နှင့် ဆေးဝါးများ၊ နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ကျန်းမာရေးဌာနမှ ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အာလမ်-၁ ကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်း အတွင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပြီးစီးပါက အတည်ပြုလူနာများအား သီးသန့်ထားစောင့် ကြည့်နိုင်ရေး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေစက်ရပ် ကွက်အတွင်းရှိ နေရပ်စွန့်ခွာစခန်း၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်လာသည့်အတွက် မိသားစုများ အားဆန်အိတ် ၄၀ အိတ်၊ ဆေးဝါးပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့်  အရေးပေါ်အသုံးပြုရန်အတွက် Oxygen Concentrator စက်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိန်ကမ္ဘာအောက်စီဂျင်စက်ရုံ၌ စက် ချို့ယွင်းပျက်စီးမှုကြောင့် ရပ်နားထားခဲ့ရပြီး ယနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်းပြန်လည် လည် ပတ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာများ သီးသန့်ထားစောင့်ကြည့်လျက်ရှိသည့် ဖန်ဂန်ရာဇီအမျိုးသာအဆောင်နှင့် ဆဒုံးဘွမ် အမျိုးသမီးအဆောင်တို့အားကြည့်ရှုစစ်ဆေးပြီး အဆိုပါအဆောင်များတွင် စေတနာ့ဝန်ထမ်းအနေ ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လူငယ်များအား တွေ့ဆုံအားပေးကာ အဆောင်များရှိ ကိုဗစ်လူ နာများ အရေးပေါ်အသုံးပြုနိုင်ရေး Oxygen Concentrator စက်များပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်၏ စိုက်ပျိုး‌ရေး ထွက်ကုန်အဖြစ် ဝဥ မျိုးများကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးချိန် ၃ လခန့်အတွင်း ပဲစင်းငုံ စိုက်ခင်းနှင့် ရော်ဘာပင်စိုက်ခင်းများကြားတွင် ဝဥ မျိုးပင်များ၌ ဂွသီး၊ ရွက်သီး၊ ဖူးတံသီးများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။