ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၁/၂ဝ၂၆) လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၌ ကျင်းပ

မြစ်ကြီးနား ဇွန်  ၅

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၆) လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ကချင် ပြည်နယ်စာရင်းစစ်ချုပ်ရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ခင်လေးနွယ်က ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ်(၁/၂၀၂၆)တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့၏ လမ်းညွှန်မှာကြားချက်များနှင့် Working Levelဆွေးနွေးချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်လှအုန်းခိုင်က လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် စီမံရေးရာကိစ္စရပ်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများက လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ကချင်ပြည်နယ်စာရင်းစစ်ချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆုရရှိသူ (၆)ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့အခမ်းအနားတွင် လုပ်ငန်းခွင်စွမ်းဆောင်ရည်ဆုရရှိသူ (၂)ဦးတို့အား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။