မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားနေ

 မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားနေ

မြစ်ကြီးနား     ဧပြီ ၁၅

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစား သူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများသည် မြစ်ကြီးနားလေတပ်စခန်းဌာန ချုပ်မိသားစု အတာရေသဘင်ပွဲတော်သို့ တက်ရောက်ကြပြီး လေတပ်စခန်းဌာနယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ လေတပ်စခန်းဌာနချုပ် တပ်ရင်းတပ်ဖွဲ့မိသားစုများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

          ထိုမှတဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး ယိမ်း အကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများနှင့် ပြည်သူများ လာရောက်လည် ပတ်၍ ပျော်ရွှင်စွာ ကခုန်ရေကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ အတာရေသဘင်ပွဲအား တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်အတွင်းရှိ လမ်းလျှောက်သင်္ကြန် ပွဲတော်၌ အများပြည်သူပျော်ရွှင်စွာ ရေကစားနေမှုနှင့် ခေတ်ပေါ်တေးသီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်သူများနှင့်အတူ အေးချမ်း ပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။

          အလားတူ ဧပြီ ၁၄ ရက် ညနေပိုင်းက ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ခေတ်ပေါ်တေးသီ ချင်းများဖြင့် သီဆိုဖျော်ဖြေမှု၊ ဝန်ကြီးဌာနများနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၏ CD တေး သီချင်း၊ ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသားဖြင့် ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုကို ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။