ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မဟာသင်္ကြန်ပွဲတော်နှင့် မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်တို့တွင် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မဟာသင်္ကြန်ပွဲတော်နှင့် မြို့ပေါ်ရှိ ဗဟိုမဏ္ဍပ်တို့တွင် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၁၄

မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် (အကျနေ့) ဧပြီ ၁၄ ရက်နေ့ တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စည်ကားစွာကျင်းပနေသည့် မဟာသင်္ကြန်ပွဲတော်နှင့် မြို့ပေါ်ရှိဗဟိုမဏ္ဍပ်တို့တွင် အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်စွာ စုပေါင်းပါဝင်ဆင်နွှဲခဲ့သည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ကျင်းပပြုလုပ်သည့် မဟာ သင်္ကြန်ပွဲတော်သို့ သွားရောက်ပြီး တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများနှင့် အတူ တိုင်းစစ်ဌာနချုပ်ရှိ မဟာသင်္ကြန်ပွဲတော်အတွင်း တပ်ရင်း/တပ်ဖွဲ့မိသားစုများ၏ စတုဒီသာ မဏ္ဍပ်များဖြင့် ခင်းကျင်းကျွေးမွေးဧည့်ခံမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သင်္ကြန်မဏ္ဍပ်၌ တပ်ရင်း/တပ်ဖွဲ့များမှ ယိမ်းအက အလှများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၏ ကပြဖျော်ဖြေမှုများနှင့် တေးသံရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။