မြစ်ကြီးနား အောက်တိုဘာ ၁၂
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲအမျိုးအစားအလိုက် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များအား နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ အဆိုပါ ပြိုင်ပွဲဝင်များ၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ပြိုင်ပွဲဝင်မည့် ပုံစံဖြင့် အစမ်းလေ့ကျင့်ယှဉ်ပြိုင်ကြသည်။
ကချင်ပြည်နယ်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲအမျိုးအစား (၅၄)မျိုးတွင် ပြိုင်ပွဲဝင်ဦးရေ (၁၁၃)ဦး၊ အဖွဲ့လိုက်ပြိုင်ပွဲအနေဖြင့် ကဗျာလွတ်၊ တိုင်းရင်းသားရိုးရာ (ဇိုင်ဝါး)၊ ကချင်တိုင်းရင်းသားရိုးရာအကများဖြင့် ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ရာ ထိုသို့ အစမ်းလေ့ကျင့်မှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒိုင်အဖွဲ့ဝင်များ၊ နည်းပြများက ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်ပုံစံ၊ အမှတ်ပေးစည်းမျဉ်းနှင့်အညီ ယှဉ်ပြိုင်စေခြင်းဖြင့် အားနည်းချက်/ အားသာချက်များနှင့် ပြန်လည်သုံးသပ်လေ့ကျင့်ယှဉ်ပြိုင်ရမည့် အချက်များကို ပြိုင်ပွဲဝင်များအား ရှင်းလင်းပြောပြပြီး စနစ်တကျအောင်မြင်မှုရရှိအောင် ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


