မြစ်ကြီးနား မေ ၃၀
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာ၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာတို့ကို အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၊ ခေမာသီရီရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကချင်ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ဒေသတွင်းရှိ မိခင်နှင့် မွေးကင်းစကလေးများ၊ လူငယ်/ လူရွယ် များ၏ ဘဝသက်တမ်းတစ်လျှောက် ကျန်းမာရေးကောင်းမွန်သော လူမှုဘဝများ ပိုင်ဆိုင်ရရှိစေရေး၊ အထူး သဖြင့် အမျိုးသမီးများ လူကုန်ကူးခံရမှုနှင့် အကြမ်းဖက်မှုမှ တာဆီးကာကွယ်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ နန်းယိင်းတိုင်း ရှမ်းအမျိုးသမီးအသင်းအတွက် ငွေကျပ် (၁၀)သိန်း လှူဒါန်းပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ဖြူဖြူသန့်က သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်မြင့်မိုရ်ဝင်းက လူကုန် ကူးမှုတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို လည်းကောင်း၊ အမျိုးသမီးငယ်ရွယ်လုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါ်ယဉ်ယဉ်လှိုင်က အမျိုးသမီးများ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ဥပဒေ/ နည်းဥပဒေများအကြောင်း သိကောင်းစရာများကို လည်းကောင်း တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စု များအား အသိပညာပေးဆွေးနွေးဟောပြောပေးခဲ့ကြကြောင်းသည်။
