ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်စေတီတော်၌ ကျင်းပသည့် တတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်တော် လောင်းလှူပူဇော်၊ ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲသို့တက်ရောက်

မြစ်ကြီးနား     မေ ၃၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တတိယအကြိမ်မြောက် နယုန်လပြည့် မဟာသမယအခါ တော်နေ့ အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားများကို အောင်ဇေရန်အောင်ဘုရား ပုရဝဏ်၌ ယနေ့ နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြသည်။

          ရှေးဦးစွာ နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနားကို စေတီတော်ရင်ပြင်၌ ကျင်းပ ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နယကဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို န‌မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနား တက်ရောက်လာသူများက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည် နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက မဟာသမယ အခါတော်နေ့ ကျင်းပရခြင်းနှင့် သာသာနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော်အရှင်သူမြတ် များနှင့် သံဃာတော်များက ဦးဆောင်၍ မဟာသမယသုတ်ပါဠိတော်မျာကို ရွတ်ဖတ်ပွားများ ချီးမြှင့်တော် မူကြရာ ဝတ်အသင်းအဖွဲ့များက မဟာသမယဂါထာတော်များ ရွတ်ဆိုခြင်း၊ အရပ်လေးမျက်နှာအား မေတ္တာပို့ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်အနားကို ဗုဒ္ဓသာ သနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ ရုပ်သိမ်းလိုက်ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိသူများ၊ အလှူရှင်များက စေတီတော်ပုရဝုဏ်အတွင်း သတ်မှတ်နေရာအသီးသီးမှ ဘုရားအမှူးပြုသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များအား  သံဃဒါနဆွမ်းသပိတ်၊ ဆွန်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းအမျိုး မျိုးတို့ကို လောင်းလှူပူဇော်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ပြည်နယ်အစိုးရအဖွဲ့၏ ဥပဒေဆိုင်ရာပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိ ပညာပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို အားလုံးသိရှိနားလည်ကြပြီးဖြစ် သကဲ့သို့  ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင် မည်ဖြစ်ကြောင်း မှာကြားသည်။

          ထို့နောက် ဥပဒေချုပ်(ငြိမ်း) ဦးအုန်းသန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများ၊ ဥပဒေပါ ရပိုင်ခွင့်များ၊ ဥပဒေရေးဆွဲခြင်းပညာနှင့် ဥပဒေဆိုင်ရာအထွေထွေဗဟုသုတများကို အသိပညာပေးဟော ပြောခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။