၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ဝါဆိုလပြည့်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင်လောကမာန်အောင်ဆုတောင်းပြည့် စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများ ဖြင့် အထူးစည်ကားလျက်ရှိသည်။
စေတီတော်ဝင်ရာလမ်းတစ်လျှောက်၌ မုန့်ဆိုင်တန်းများ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များဖြင့် လည်ပတ်စားသောက်လျက်ရှိသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြစ်ကြီးမြို့ သီတာရပ်ကွက်အတွင်းရှိ ရပ်တော်မှုစေတီတော်ကြီးနှင့် လျောင်းတော်မှုစေတီတော်တို့တွင်လည်း ကုသိုကောင်းမှုပြုသူများ၊ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။


