ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက် (၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ စီတာပူနှင့် မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ခြံစောင်များသွားရောက်ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဒီဇင်ဘာ ၂၁ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီအသက်(၂၅)နှစ်အောက် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ငြိမ်းချမ်းသာယာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်သည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင် ဖူဆယ်အသင်းပေါင်း (၂၅)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်း (က)ရပ်ကွက်အသင်းနှင့် ကြက်ပေါင်ခြံရပ်ကွက်အသင်းတို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အသီးသီးမှ ဒေသခံဖူဆယ်ဘောလုံးဝါသနာရှင်များတက်ရောက်အားပေးကြည့်ရှုခဲ့ကြရာ တပ်ကုန်းရပ်ကွက်(က)အသင်းက ခုနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊…