ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနား-မန်ခိန်လမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေး၊ ပြည်နယ်အတွင်း ဆက်လက်ကျင်းပသွားမည့် အပိုင်း (၂) ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေး၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဒီဇင်ဘာ ၃၁ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့တွင်းလမ်း မြစ်ကြီးနား-မန်ခိန်လမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက အဆိုပါ လမ်းသစ်၏ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းထောင့်၌ ကျင်းပပြုလုပ်သည်။ လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မြစ်ကြီးနား-မန်ခိန်ကတ္တရာကွန်ကရစ်လမ်းသည် မြို့တွင်း မီးသတ်ဦးစီးဌာနရုံးလမ်းဆုံမှ ကရိန်နော်လမ်းခွဲအထိ အရှည်(၆)မိုင်ရှိပြီး မြို့တွင်း မော်တော်ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့တွင်း လမ်းပိုင်းများနှင့်…