အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ပြည်သူများအတွက် ‌အလှူငွေနှင့်အလှူပစ္စည်းများလှူဒါန်းနိုင်ရေး အသိပေးနှိုးဆော်ခြင်း

မြစ်ကြီးနား ဧပြီ ၃

၂၈-၃-၂၀၂၅ ရက်နေ့တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်ျစတာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ကချင်ပြည်နယ်စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းလိုသည့်ပြည်သူများအနေဖြင့် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

  • လိပ်စာ – ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆွမ်ပရာဘွမ်းလမ်းနှင့်ရုံးကြီးလမ်းထောင့်၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့
  • တယ်လီဖုန်း – ၀၉၄၂၇၉၆၅၂၆၂၊ ၀၉၂၅၀၄၃၁၀၆၄