မြစ်ကြီးနား သြဂုတ် ၂၉
ပညာဘဏ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုချီးမြှင့်ပြီး အခမ်းအနားကို ကိုယ်ပိုင်အထက်တန်း ကျောင်း ကျောင်းသား/ ကျောင်းသူလေးများက အောင်လံလွင့်ပျံ ပညာဘဏ် တေးသီချင်း သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမ ဒေါ်ခင်မေသန်းက Grade-12 စာမေးပွဲ အောင်ချက်နှင့် ဂုဏ်ထူးရရှိမှု အခြေအနေများနှင့် ကျေးဇူးတင်စကားကို ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 စာမေးပွဲတွင်(၅)ဘာသာ၊ ၄ ဘာသာနှင့် ၃ ဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူများ၊ အတန်းလိုက် ထူးချွန်ဆုရရှိသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

