မြစ်ကြီးနား မေ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ Excel Software ဖြင့် Data Import ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မေ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့် လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက်ဆိုင် Data Base ရေးသွင်းခြင်း ရုံးချုပ် ဆာဗာသို့ Excel Import လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း များစုဖွဲ့ဆောင်ရွက်လျက်ရှိသည့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ လည်းကောင်း၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ လည်းကောင်း၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးရှိ မြို့နယ်ဦးစီးမှူးရုံး၊ မှတ်တမ်းခန်းမ၌ လည်းကောင်း Excel Software ဖြင့် မှတ်တမ်းများ စိစစ်ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှ များ နှင့် ရုံးချုပ် ဆာဗာအတွင်း ထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ စာရင်းရေးသွင်းနေသည့် ဝန်ထမ်းများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၉၅၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များ ရေးသွင်းခြင်းလုပ်ငန်းကို လဝကဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များ စုဖွဲ့၍ (၆)လကျော် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ရုံးချုပ် ဆာဗာအသွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း (၇၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပြီး၊ နိုင်(၄)မှတ်တမ်းပါ အချက်အလက်များ Excel Software ဖြင့် စိစစ်တိုက်ဆိုင် Data Base ရေးသွင်းခြင်းလုပ်ငန်းအားလုံးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။