ကချင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်အားပေးချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     မေ ၉

          မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၉ ရက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ နယ်မြေခံတပ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တက်ရောက်အားပေးခဲ့ကြသည်။

          ဖွင့်ပွဲ အခမ်းအနားတွင် စစ်ရေးပြမှူးနှင့် ဘောလုံးအသင်းများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးအား အလေးပြုတန်းအပ်ပြီး တိုင်းမှူးက အဖွင့်အမှာစကားပြောကြား ကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနားတပ်နယ် အသင်း (က) နှင့် (ဇ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ဘောလုံးအသင်း ၁၀ သင်းဖြင့် မေ ၉ ရက်နေ့မှ ၂၁ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ မေ ၆ ရက်မှ စတင်ကျင်းပခဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဖလား ဖိတ်ခေါ် အမျိုးသမီး/အမျိုးသား ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် လီဆူလူငယ်အသင်းနှင့် လီဆူအသင်းတို့၏ ယှဉ်ပြိုင်ကြမှုကို ကြည့်ရှု အားပေးကြရာ  လီဆူလူငယ်အသင်းက အနိုင်ရဗိုလ်စွဲသည်။

          ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက ဘောလီဘောဆပ်ကော်တီအဖွဲ့ဝင်များ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒိုင်အဖွဲ့ဝင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသားကစားသမားနှင့် အမျိုးသမီး ကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးဇနီးတို့က ဒုတိယဆုရအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းများအတွက် လည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ပြိုင်ပွဲတွင် ပထမ ဆုရရှိခဲ့သည့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အတွက် တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသား ဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။