Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းအစီအစဉ်များ သတ်မှတ်ချိန်အမီ ရေးဆွဲတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၇

          ကချင်ပြည်နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဆောင်ရွက် သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ သတ်မှတ် ချိန်အမီ ရေးဆွဲတင်ပြနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများမှ စိစစ်ခြင်းမပြုမီ ပြည်နယ်စီမံကိန်းဦးစီးဌာန ရုံးများက ကြိုတင်စိစစ်သွားမည်ဖြစ်ပါသဖြင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြုစုပေး ပို့နိုင်ရေးနှင့် ပြည်သူများအတွက် တိုက်ရိုက်အကျိုး ရှိထိရောက်သည့်လုပ်ငန်းစီမံကိန်းများဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ် ရေးဆွဲပြုစုတင်ပြနိုင်ရေး ဆောင်ရွက်သွား ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဟန်အေးက နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရေးနှင့် စီမံကိန်းရေးဆွဲ ရေးဆိုင်ရာ အချက်အလက်များအပေါ် လိုက်နာဖြည့်စွက်ရေးသွင်းရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့်လည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရသုံးမှန်း ခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်းဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။