နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     မတ် ၄

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက် နံနက် ၈ နာရီခွဲက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏ ပေါင်းစုံမှ ဘာသာရေးခေါင်ဆောင်များနှင့် တွေ့ဆုံသည်။

          ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များအားလုံးက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးကြရန် လိုကြောင်း၊ သို့မှသာ တိုင်းပြည်အေးချမ်းသာ ယာဖွံ့ဖြိုတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားပြီး ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် အပြန်အလှန်မိတ်ဆက်ခဲ့ကြသည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘာသာရေးအသင်းအဖွဲ့အသီးသီးအတွက် လက်ဆောင်ခြင်းနှင့် အလှူငွေ များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်၌ မြစ်ကြီးနားမြို့ နယ်သံဃနာယဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာများအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြကြကာ  ဆရာတော်၊ သံဃာတော်များထံ ဆန်အိတ် (၅၀)အိတ်၊ ဆီ (၂၀)ပုံးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အံတော်ရှင်ဘုရားအား လက်ယာရစ်ပတ် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

          ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း မနောအိမ်တော် ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၄)ခုတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သားများအရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့အလေးထားဆောင်ရွက် လျက်ရှိရာတွင် တိုင်းရင်းသားများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ တိုင်းရင်းသားများအနေဖြင့် မိမိတို့ စာပေနှင့် ရိုးရာယဉ်ကျေးမှု စသည့်အရေးအရာကိစ္စရပ်များ ဆောင်ရွက်နေခြင်းသည် နိုင်ငံ့အရေးဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့ တစ်ဦး/တစ်ဖွဲ့၏ အောင်မြင်မှု သည် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စု၏ အောင်မြင်မှုပင်ဖြစ်ပါကြောင်း၊ ထိုအပြင် မိမိတို့အနေဖြင့် ပြောင်းလဲမှုများကို ရင်ဆိုင်လိုက်ပါဆောင်ရွက်တတ်မှသာ မိမိတို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး သာယာဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိတို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်က ကချင်ပြည်နယ်အတွင်း  စာပေယဉ်ကျေးမှုအသီးသီးမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့ဘာသာစကား၊ စာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးတင်ပြကြရန် လိုအပ်ပါ ကြောင်း၊ ဆွေးနွေးတင်ပြမှုများကို မိမိတို့အနေဖြင့် လိုက်နာမှတ်သားပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီး (၂)ခုဖြင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသားများအရေး အပြည့်အဝဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ညှိနှိုင်းပြီး တိုင်းရင်းသား ရေးရာဝန်ကြီးများကို လုပ်ငန်းတာဝန်ခွဲဝေအပ်နှင်းပေးခဲ့ပါကြောင်း၊ ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားအရေးကိစ္စရပ်များကို ဦးစီးဌာနနှစ်ခုနှင့် ချိတ်ဆက်ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များပါအတိုင်း မိမိတို့ ပြည်နယ်၏ အကျိုး၊ မိမိတို့နိုင်ငံ၏ အကျိုး အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ယနေ့ မိမိတို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့တာဝန်ရှိသူများအနေဖြင့် မိမိစာပေယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင် မိမိတို့ပြည်နယ်အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းပြောကြား ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့အတွက် တစ်ဖွဲ့ လျှင်ထောက်ပံ့ငွေကျပ် ၃ သိန်းစီနှင့် အမှတ်တရလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ထို့နောက် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက စာပေ၊ ယဉ်ကျေးမှုများထိန်းသိမ်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ကို ချမှတ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံမှုရှိစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေး အနက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း အစိုးရနှင့်အတူ ထဲထဲဝင်ဝင်ပါဝင်ပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဦးချင်းစီက တာဝန်ရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်သူများက အမှာစကားပါးလိုက်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ အဆင့်ဆင့်နှင့် ဆက်လက်ညှိနှိုင်းပေါင်းစပ်ပေးသွားမည်ဖြစ်ပါကြေင်း ပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ တိုင်းရင်းသားတို့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစီးဌာန(၂)ခုဖွဲ့စည်း၍ တိုင်းရင်းသားများ အ‌ရေးကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါအပြင် မိမိတို့အနေဖြင့် တိုင်းရင်းသားများအရေးကိစ္စကို ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများကို လုပ်ပိုင်ခွင့်တာဝန်များကို ခွဲဝေအပ်နှင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လမ်း၊ တံတား၊ ကုန်ထုတ်လမ်း၊ မြေယာကိစ္စရပ်များ၊ သက်မွေးပညာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုလားချက်များကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့ က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။