ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက်ဖွင့်လှစ်သည့် Introduction to Database System သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်မှုဖြင့် ပြည်နယ်အတွင်း နှစ်ဖက်ချောစက္ကူထုတ်စက် တပ်ဆင်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက်ဖွင့်လှစ်သည့် Introduction to Database System သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်မှုဖြင့် ပြည်နယ်အတွင်း နှစ်ဖက်ချောစက္ကူထုတ်စက် တပ်ဆင်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     မတ် ၂၉

          ကချင်ပြည်နယ်အတွင်းရှိ ရုံးဌာနများတွင် စာရင်းဇယားများ သိမ်းဆည်း၍ ရှာဖွေထုတ်ကြည့် ရာတွင် ပိုမိုရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် နိုင်ငံတော်၏ E-Government စနစ်ကို အထောက် အကူပြုနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် Introduction to Database System သင်တန်း အမှတ်စဉ် (၁)ဆင်းပွဲ အခမ်းအနားကို  မတ် ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးရှိ မဂျွယ်ဂင်တောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က သင်တန်းတက်ရောက်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် Database ကို phpMyAdmin Application Software တွင် အသုံးပြုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို နားလည်သိရှိကြပြီဖြစ်သည့်အတွက် မိမိတို့ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချပြီး ပြည်နယ်၏ E-Government  စနစ်၊ တနည်းအားဖြင့် နိုင်ငံတော်၏ E-Government  စနစ်ကို တစ်စိတ်တစ်ပိုင်းအထောက်အကူပြုအောင် ကြိုးစားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှု အခြေအနေများနှင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ ထူးချွန် သင်တန်းသား/သင်တန်းသူများအား လည်းကောင်း၊ ပြည်နယ်ဦးစီးမှူးက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသားတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော် မတီအဖွဲ့ဝင်များနှင့်အတူ မတ် ၂၈ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်အတွင်းရှိ ကောင်းဇွဲမာန်မိသားစု အစုအဖွဲ့စနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း (၅၀)ဖြင့် နွားမွေး မြူရေးခြံ၌ ဒေသနွား(မျိုးကောင်းမျိုးသန့်နွား)များ မွေးမြူထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ပြီး ပြည်နယ်အတွင်းအသားနွားများ ပိုမိုမွေးမြူထုတ်လုပ်နိုင်ရေးအတွက် ဒေသနွားများနှင့် ဘရန်မာန် နွားမျိုးဖြင့် မေထုံမဲ့စနစ်ဖြင့် သားစပ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတို့နှင့် ညှိနှိုင်းပေါင်းစပ် ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ မန်ခိန်(စက်မှုဇုံ)ရပ်ကွက် အတွင်း ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း၌ စွန့်ပစ်ပစ္စည်းများမှ တစ်ဆင့် နှစ်ဖက်ချောစက္ကူနှင့်ကျောင်းသုံးဗလာစာအုပ်များထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေကျပ်သိန်း ၁၃၀၀ ဖြင့် တည်ဆောက်လျက်ရှိသည့် နှစ်ဖက်ချောစက္ကူထုတ်စက်တပ်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စက်ရုံလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်ဖက်ချောစက္ကူကို ပထမဆုံးအဖြစ် ပြည်နယ်အတွင်း၌သာ ထုတ်လုပ်သွားနိုင်မည်ဖြစ်သည့်အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေး ခြင်းဖြစ်ကြောင်းနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက စတင်လည်ပတ်မှုအတွက် ဖွင့်လှစ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။