ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်း တည်ဆောက်နေမှုအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၃ ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စု လွယ်ခေါကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကပိုင် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်း ဖြေစခန်း (Victory Garden) တည်ဆောက်နေမှုကို ပြည်နယ်သယံဇာတရေးဝန်ကြီးက ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးရာတွင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား ရေးမှူး ဒေါက်တာသန်းအေးနှင့် တာဝန်ရှိသူများက တိရစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်းအတွင်း တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တိရိစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသသွားမည့် တိရစ္ဆာန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အပန်းဖြေဥယျာဥ်အတွင်း တည် ဆောက်ထားသည့်…