ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်သရုပ်ပြ မဲပေးခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၁ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်၍ သရုပ်ပြမဲပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မဲရုံအမှတ် (၁၁)ဖွင့်လှစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြ သီတာခန်းမ၌ ပြုလုပ်ကျင်းပသည်။ သရုပ်ပြမဲပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်းချက်များ နှင့်အညီ မဲရုံဝန်ထမ်းများအတွက်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေ၊ မဲရုံအခင်း အကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ဦးရေအခြေအနေတို့ကို ရှင်းလင်း […]Read More

ကချင်ပြည်နယ်

တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု (၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၂၂ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း အင်္ဂါဂါးကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို အောက်တိုဘာ ၂၂ ရက်၊ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။ စစ်ရှောင်အိမ်ထောင်စုများ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမည့် နေရာသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေရာသစ်ကို ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်က မုဒ်ဝအဖွင့်ကောင်းချီးပေးဆုတောင်းပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားမြို့ဂရုဏာလူမှုစည်းရုံးညီညွတ်ရေး ဒါရိုက်တာ ဖာသာဆန်ဆွန်၊ KHCC ဥက္ကဋ္ဌ၊ […]Read More

ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆွမ်ပရာဘွမ်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၆ မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၌ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှု နှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ၊ ၂၄ ရက်တို့တွင် သွား ရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့နယ်သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ပြီး မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်း (၁၃၂)မိုင်အတွက် မိုင်တိုင်အမှတ် (၆၀/၅)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း (၉၄) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် […]Read More

ကချင်ပြည်နယ်

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၃ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံတို့သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ တွေ့ဆုံကြသည်။ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် လိုအပ်သည်များကို ဖြည့်စွက်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးဆွေတင့် လွင်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ် အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့က ကချင်ပြည်နယ်အတွင်းရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် အခြေအနေ […]Read More

ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား နိုဝင်ဘာ ၃ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် နန့်ကွေ့ကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာ၌ ရွာတွင်းဝင်ရောက်သည့် အဓိကလမ်းမကြီး ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်‌ရေးအတွက် ကျေးရွာ တာဝန်ရှိသူများ၊ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံပြီး ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် မလိခကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့်တွေ့ဆုံပြီး‌ ကျေးရွာအခြေခံပညာကျောင်းတိုးချဲ့စာသင်ဆောင်သစ်ရရှိရေး၊ အားကစားကွင်း ရရှိရေး၊ သုဿန်သွားလမ်းခင်းကျင်းပေးနိုင်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းပေးနိုင်ရေးနှင့် ကျေးရွာအုပ်စု ပြောင်းလဲသတ်မှတ်ရေးတို့နှင့် ပတ်သက်၍ တင်ပြတောင်းဆိုမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်းနှင့် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေး […]Read More

နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့ဧရာရပ်ကွက်၌ ကြိုတင်ဆန္ဒမဲပေး

မြစ်ကြီးနား နိုဝင်ဘာ ၅ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူတို့သည် ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။Read More

နောက်ဆုံးရသတင်းများ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ

ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက်ကြွစွာ ဆန္ဒမဲပေးခဲ့ကြသော ပြည်သူများအားလုံးနှင့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် VOLUNTEER များ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်Read More

နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများလာရောက်ပေးအပ်လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ ၁၁ ကချင်ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ(၂)နာရီတွင် ထိန်ချုံးခရိုင်၊ ဟော်ချောင် မြို့နယ်၊ တရုတ်-မြန်မာချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက အဆိုပါ လိုဏ်ခေါင်းရှေ့၌ ပေါင်းဆန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ တရုတ်ငွေယွမ်(၅)သိန်းတန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း (Mask) ၅၄၀၀၀၀ ခု၊ N95 Mask ၂၀၀၀၀ ၊ တခါသုံးလက်အိတ် (၄၀၀၀၀)စုံ၊ PPE […]Read More

နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကန့်သတ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၁၉ကချင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာများတွင် ကထိန်ကာလအတွင်း၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကန့်အသတ်ဖြင့် ပြုလုပ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုဝန်ကြီး ဦးနေဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရိပ်သာ များတွင် ကထိန်ကာလအတွင်း၌သာ ဆောင်ရွက်ရသည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို သံဃာတော်၊ လူပုဂ္ဂိုလ် (၃၀)ဦးထက်မပိုသော မိသားစုကထိန်အနေဖြင့် ကျင်းပဆောင်ရွက်နိုင်ရေး၊ ဧည့် ပရိသတ်များ ဖိတ်ကြားခြင်းမပြုဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြုလုပ်နိုင်ရေးဆွေး နွေးကြသည်။ထို့အပြင် ဌာနဆိုင်ရာများအနေဖြင့် ကထိန်ပဒေသာပင်များကို မိမိတို့အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ကြိုတင်ပို့ဆောင်ထားကြရေး၊ မိသားစုအလိုက် […]Read More