(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ ဆုရရှိသူများအား ဆုများချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၁၇ “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဖတ်ကြားသည်။ ထို့နောက် မြစ်ကြီးနားတက္ကသိုလ် သမိုင်းဌာနပါမောက္ခ ဌာနမှူး ဒေါက်တာအမ်ရွယ်နှောင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဟောပြောပြီး၊ မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်နည်းပြဆရာမ ဒေါ်ဇင်ယော်မေက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တေးသရုပ်ဖော် အကဖြင့်လည်းကောင်း၊ မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် “Grai Jaw ai Mungdan”…