ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများကွန်ပျူတာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး
မြစ်ကြီးနား အောက်တိုဘာ ၅ ၂၀၂၂ခုနှစ် ၊ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉နာရီအချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများမှ “မြတ်ဆရာ” သီချင်းသီဆိုကာ အခမ်းအနားအားဖွင့်လှစ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန် က ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာ ကို ဖတ်ကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက…