ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နှင့် ဖီမော် ဒေသတို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက် ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲရုံးသစ်အဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားကာ သိက္ခာတော်ရဆရာတော်များက အဆောက်အအုံသစ်အတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာအမာမော်နိုင်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ICRC တာဝန်ခံတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။…