admin

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနား မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်တို့တွင် နှစ်စဉ် ဧရာဝတီမြစ် ရေမြင့်တက်ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ရေဝပ်/ ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော နေရာများနှင့်  ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် နှစ်ခုတို့အတွင်း ဖြတ်သန်း၍ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သွားသည့် ရေနှုတ်မြောင်း ရေထွက်ပေါက်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေး ကာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုဖြစ်ပေါ်တတ်သည့် အခြေအနေများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၀           ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသတွင်း ဆေးဝါး နှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချူပ် က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ရှိ ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ် များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ပြည်နယ်အတွင်းဆေးဝါးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒေသတွင်း ပြည်သူများလိုအပ် သည့် ဆေးဝါးများအလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် အဓိကပံ့ပိုးကူညီနေကြသည်မှာ ဆေး ဆိုင်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလိုကပ်ရောဂါဖြစ်ပွားစည်ကာလအတွင်း ဆေးဆိုင်များ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချရေး၊ ဈေးနှုန်းတည်ငြိမ်ရေးသည် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆေးဝါးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်စီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၉           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်း အနားကို သြဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။           ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်စီဂျင်အိုး များ လှူဒါန်းလက်ခံရရှိနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးသည် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပြည်သူများအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင် စွာကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရာ တွင် လိုအပ်ချက်ရှိသည့် အောက်စီဂျင်အိုးများကို ပေးပို့လှူဒါန်းသည့် ပုဂ္ဂိုလ်များအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား    သြဂုတ်  ၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သြဂုတ် ၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံပြီး တိုင်းရင်း သားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့အသီးသီးအနေဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလအ တွင်း ပြည်သူများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     သြဂုတ် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကသီဒြယ်ကတ်သလစ အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူနာများအား ပြုစုစောင့်‌ရှောက်ပေးနေမှုလုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၇           ကချင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများ၊မြေပြိုကမ်းပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များကြောင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ခံစားရမှု လျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သဘာဝဘေး အန္တရာယ်ကို အစိုးရအဖွဲ့၊ တပ်မတော်နှင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO ၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရေး၊ သဘာဝဘေးကျရောက်နိုင်ခြေ ရှိ/မရှိ ကြိုတင်အမြဲမပြတ်စောင့်ကြည့်လေ့လာရေးနှင့် သတင်းအ ချက်များလျင်မြန်စွာရရှိရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် တစ်ပြိုင်နက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တုထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၆           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက် မှ ပေးပို့လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများအား သြဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။           ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသော ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေးသုံးပစ္စည်းများ လက်ခံရယူရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်သည် မိမိတို့နှင့်အိမ်နီးချင်းကောင်းပီသ စွာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ယခုလို လက်တွဲကူညီပြီး ကာကွယ်ကုသရေး သုံးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အတွက် ပြည်နယ်သူ/ သားများကိုယ်စား အထူးပင်ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။           ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၅           မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။           မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများက လယ်ကုန်းရပ်ကွက်ဈေး၊ ကျွန်းပင်သာ ရပ်ကွက်ဈေးနှင့် ရွှေညောင်ပင်ရပ်ကွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူ ရေးခြံများမှထွက်ရှိသည့် အသီးအနှံအသားငါးများကို ဒေသတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များသာမက ပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်ရေးနှင့် စိုက်ပျိုးမြေဧရိယာ များအပြည့်အဝစိုက်ပျိုးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သီးနှံပင်များစိုက်ပျိုး ထားရှိမှု၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် တစ်ရှုး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အဖွဲ့အ စည်းအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက်တွင် မြစ်ကြီးနားမြို့ပေါ် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆောင်များသို့ သွားရောက်တွေ့ဆုံအားပေးပြီး စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဆဒုံးဘွမ်အမျိုးသမီးဆောင်နှင့်  ဖုန်ဂမ်ရာဇီအမျိုးသားဆောင်များရှိ  ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိစောင့်ကြည့်မှုအခြေ အနေများနှင့် စေတနာ့ဝန်ထမ်းများအားတွေ့ဆုံ နေထိုင်စားသောက်မှုအခြေအနေနှင့် လိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။          …

Read More