မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျထိန်းချုပ် ကာကွယ်မှုဖြင့် ပုံမှန်အတိုင်းစီးဆင်းနိုင်ရေးနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀ ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ်စီးဆင်း နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက် နိုင်ရေး၊တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရာ ပို့ကုန်/သွင်းကုန် များ ပြန်လည်စီးဆင်းနိုင်ပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ပို့ကုန်၊ သွင်းကုန်များကို စနစ်တကျသိုလှောင်ပြီး ကုန်တင်ယာဉ်မောင်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကြပ် မတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။…