ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နေကြာသီးနှံ လျာထားချက် ဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၅ ကချင်ပြည်နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအပြင် ဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက် သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် သိပ္ပံနည်းတကျ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ခရိုင်အလိုက် လျာထား ဧက ၁၀၆၄၀ ကို စီမံချက်ရေးဆွဲဆောင်ရွက်ထားခဲ့သော်လည်း လျာထားဧကထက် ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်သည့် မြေဧရိယာများလည်း များစွာရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မြေပြင်အမှန်ကွင်းဆင်းခြင်း၊ စိုက် ပျိုးနိုင်သည့် မြေဧရိယာဖော်ထုတ်ခြင်း၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ရရှိရေးအပြင်…