နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားများသို့ သွားရောက် ပါဝင်ဆင်နွှဲကြမည့် ပြည်နယ်ကိုယ်စားပြုအကအဖွဲ့များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားများသို့ သွားရောက် ပါဝင်ဆင်နွှဲကြမည့်  ပြည်နယ်ကိုယ်စားပြုအကအဖွဲ့များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ဖွင့်လှစ်ပေးကြသည်။

          ဆက်လက်၍ မလိခဥယျာဉ်ပန်းခြံသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မလိခ ဥယျာဉ်ပန်းခြံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မလိခဥယျာဉ်ပန်းခြံသစ်အတွင်း အများပြည်သူ အပန်းဖြေနိုင်ရေး အလှပန်းပင် များ၊ မီးတိုင်များ၊ အပန်းဖြေထိုင်ခုံများစသည်ဖြင့် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားများအတွက် နေပြည်တော်တွင် သွားရောက် ပါဝင်ကပြဖျော်ဖြေကြမည့် ပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားရိုးရာအကအဖွဲ့ဝင် (၉၀)ကျော်တို့၏ ဝတ်စုံပြည့်ဖြင့် အစမ်းလေ့ကျင့် ကပြဖျော်ဖြေမှုကို အားပေးကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ တိုင်းမှူးက ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အကအဖွဲ့များအတွက် ထောက်ပံ့ငွေ များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအ တွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် မြစ်ကြီးနားတက္ကသိုလ် အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်း ကိုယ်လက်ကြံ့ခိုင်မှုအက Fitness Dance အကဖြင့် ကပြလေ့ကျင့်ဖျော်ဖြေမှုများနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း ဆောင် ရွက်သည့် မြန်မာ့ရိုးရာသိုင်းပညာကို လေ့ကျင့်ကစားပြသမှုများနှင့် တိုင်းဒေသကြီး/ ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့သိုင်းအဖွဲ့ဝင် များက လေ့ကျင့်ကစားပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကသရုပ်ပြလေ့ကျင်ခဲ့ကြသည့် တက္ကသိုလ်အကအဖွဲ့နှင့် မြန်မာ့သိုင်းသရုပ်ပြအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်ကိုယ်စားပြု မြန်မာ့ သိုင်းအဖွဲ့အတွက် ‌ထောက်ပံ့ငွေကျပ် ၂ သိန်း၊ နည်းပြများအတွက် ထောက်ပံ့ငွေကျပ် ၄ သိန်း၊ တိုင်းမှူးက သရုပ်ပြအဖွဲ့ (၂)ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၆ သိန်း၊ နည်းပြအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၌ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှုတွင် ပါဝင်ခြင်းမရှိဘဲ မြို့ပေါ် ဈေးများ၌ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် ဈေးရောင်း/ ဈေးဝယ်များဖြင့် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေတို့ကို ဈေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်သူ့အားကစားကွင်းအတွင်း (၇၄)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အမျိုးဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးဌာနပေါင်းစုံဘောလုံး ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး ပြည်နယ်၏ အကျိုးစီးပွားကို လက်တွဲညီညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး၊ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှုရရှိစေရေးနှင့် လုပ်ငန်းခွင်တွင်  ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုများကို လျော့နည်းပပျောက်စေပြီး စိတ်ပျော်ရွှင်ချမ်းမြေ့စေလာစေ ရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများက  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှ ဘောလုံးအသင်း (၇)သင်း၏ ကစား သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကွင်း အတွင်းသို့ ဘောလုံးကန်ဖွင့်လှစ်ပေးကာ အဖွင့်ပွဲစဉ်အဖြစ် လူမှုရေးရာဝန်ကြီးဌာနအသင်းနှင့် စီးပွားရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား မှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်တွင်သွားရောက် ယှဉ်ပြိုင်မည့် ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်ကြီး နားမြို့ရှိ ဂေါက်ကလပ်များမှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင်း သွားရောက်ယှဉ်ပြိုင်မည့် ဂေါက်သီးရိုက်အသင်းအတွက် အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။