(၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ
မြစ်ကြီးနား နိုဝင်ဘာ ၁၉ “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့”(Inclusion For Every Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၉နာရီခွဲ က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမ တွင် ကျင်းပပြုလုပ်ရာ ကချင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ” မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် အခွင့်အရေးများ ဖြစ်သည့် ‘အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်…